လိပ်သို မတ် ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင် လိပ်သိုမြို့တွင် ဒေါနမြေလက်ကမ်းစာစောင်များကို ယနေ့နံနက် ပိုင်းက အထကကျောင်း၊ လူစည်ကားရာနေရာများ၊ ဈေးဆိုင်များ တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ကလေးအလုပ်သမား၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးအလုပ်သမားများ ပပျောက်ရေး ရည်မှန်းချက်(၃)ရပ်၊ ကိုဗစ်- ၁၉ကာလ ကလေးအလုပ်သမား များနှင့်ကျောင်းပညာရေး၊ ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးများသည် အနာဂတ် အိပ်မက်များမက်နေရန် ဖြစ်ပြီး လုပ်ငန်းခွင်ဝင်ရောက်ရန်မဟုတ်ပါ ဆိုင်(သို့)ကုန်သွယ် အလုပ်ဌာန(သို့)အများပျော်ရွှင်ရေးအလုပ်ဌာန၌ အသက်(၁၄)နှစ်မပြည့်သေး သောသူများကို အလုပ် လုပ်ခွင့်မပြု အစရှိသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရှိရသည်။
နီလာအေး(လိပ်သို)