သံတောင်ကြီး မတ် ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီမှ ထုတ်ဝေသည့်ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဒေါနမြေလက်ကမ်းစာစောင်ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး နော်လော်မူနှင့်ဝန်ထမ်းများက သံတောင်ကြီးမြို့ပေါ်ရှိ လူအသွားအလာများသည့် နေရာများ၊ ဈေးဆိုင်များနှင့်ဌာနဆိုင်ရာရုံးများတွင် ယနေ့ နံနက်ပိုင်းအချိန်က အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ကလေးအလုပ်သမား၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ကလေးအလုပ် သမား၏အသက်အရွယ်၊ ကိုဗစ်-၁၉ကာလကလေး အလုပ်သမား များနှင့် ကျောင်းပညာရေး၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်၊ ကာတွန်း၊ ကဗျာ စသည့်အကြောင်းအရာများပါဝင်သည်။
ကလေးအလုပ်သမားများအား ကောင်းမွန်သောအလုပ်အကိုင်ရရှိရေး၊ ဥပဒေနှင့်အညီထိ ရောက်စွာကာကွယ်နိုင်ရေး၊ အလုပ်လုပ်သောကလေးများအနေဖြင့် ပညာရေးနှင့်သက်မွေးပညာ ကျောင်းများတွင် တက်ရောက်နိုင်ရေး တို့ကိုဆောင်ရွက်ပေးနိုင်ရန်အတွက် ယခုကဲ့သို့ကလေးအလုပ် သမားပပျောက်ရေး အသိ ပညာပေးလက်ကမ်းစာစောင်များ ထုတ်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နော်နော်မူ