ရေဦး မတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ဖန်ခါးစဉ်ကျေးရွာတွင် လယ်ယာမြေဧက (၁၀၀၀)ကျော်ကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတား(၂)စင်းကို ယခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိကြောင် ရေဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းများ ဖော်ထုတ်ဆောင်ရွက်ပေးရခြင်းနှင့် ပတ်သက်၍ ၎င်းကျေးရွာ ပတ်ဝန်းကျင်ရှိ တောင်သူလယ်သမားများ အနေဖြင့် နွေ၊ မိုးစပါးနှင့် ပဲအမျိုးမျိုး စိုက်ပျိုးထုတ်လုပ်ရာတွင် လယ်ယာထုတ်ကုန်သီးနှံများကို သီးနှံလေလွင့် ပျက်စီးမှုလျော့နည်းစေရန်လည်းကောင်း၊ သယ်ယူစရိတ် လုပ်အားခများ လျော့နည်ပြီး အချိန်တိုအတွင်း ဈေးကွက်သို့ ရောင်းချဖြန်ဖြူးနိုင်စေရန် ရည်ရွယ်ကြောင်း ရေဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးနိုင်လင်းဦးမှ ပြောကြားသည်။
ထို့ကျေးလက်ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတား(၂)စင်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် တင်ဒါအောင်မြင်သော စကားဝါမြေ ကုမ္ပဏီမှ ကျေးလက်ကုန်ထုတ်လမ်း အရှည်(၉၇၁၅)ပေ မြေသား(၂)ပေထုတင်၍ ဂျင်း(၉)လက်မထု ခင်းခြင်းလုပ်ငန်းကို (၈၄.၁၃၂)ကျပ်သန်း ဖြင့်လည်ကောင်း၊ ၎င်းလမ်းပေါ်ရှိ (၈ပေ၊ ၁၄ပေ၊ ၅ပေ) ကွန်ကရစ်တံတား(၂)စီးကို (၅.၁၆၈)ကျပ်သန်း ဖြင့်လည်ကောင်း ဆောင်ရွက်နေကြောင်း သိရသည်။
ထွန်းမြင့်အောင်(ရွှေဘို)