ဘားအံ မတ် ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် စာပေ ချစ်မြတ်နိုးသူများအသင်းBookClub အဖွဲ့ဝင်များဖြင့် စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားထားသော“စာကောင်းပေကောင်းရဲ့အရသာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက စာဖတ်ဝိုင်း ပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြား ပြီး ဘားအံခရိုင် Book Club အဖွဲ့ဝင် ဆရာမ ဒေါ်ဆုလာဘ်နွယ်က စာကောင်းပေ ကောင်းရဲ့ အရသာ စာအုပ်တွင်ပါဝင်သည့် စာပေမျိုးဆက်သစ်များအတွက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက စာပေရဲ့ကျေးဇူးခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဘားအံခရိုင် ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်ခက်ခက်လွင်က ပန်းပေါင်းစုံပွင့်သော ဥယျာဉ်ကြီးများ ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာသော Book Club အဖွဲ့ဝင်များမှ သိရှိလိုသည်များ ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)