ကော့ကရိတ် မတ် ၁၄
ကရင်ပြည်နယ်ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့ နံနက် ၁၁နာရီက ခရိုင်ပြန်/ဆက်ဦးစီးဌာနနှင့်ကော့ကရိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က အသိပညာပေးTalk Show ပြုလုပ်ရတဲ့ ရည်ရွယ် ချက်ကိုရှင်းလင်းပြောကြားပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြောကြားရာ အမှတ် (၇၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုကော့ကရိတ်မှ တာဝန်မှူး(ယာဉ်အမှုစစ်) လ ၂၅၅၁၅၇ ဒုရဲအုပ်ချမ်းမြေ့သူမှ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာနှင့် ပတ်သက်၍ပြည်သူများ သတိပြုလိုက်နာရန် အချက်များ၊ မော်တော်ဆိုင်ကယ်စီးနင်းသူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် သတ်မှတ်ထား သည့် စည်းကမ်းချက်များ၊ လမ်းညွှန်ဆိုင်းဘုတ်အမှတ်အသားများ၊ သတိပေးတားမြစ် အမှတ်အသား များသတိပြု ဆင်ခြင်ရမည့်အချက်များ တို့ကို လိုက်နာဆောင်ရွက်စေရေး ယာဉ်/လမ်းစည်းကမ်း လိုက်နာမှုပျက်ကွက်ပါက ဥပဒေအရအရေးယူခံရမည့် ဆိုးကျိုးခံစားရမှုများစသည့် အကြောင်းအရာများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)