ဒိုက်ဦးမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် ဝန်ထမ်းစွမ်းဆောင်ရည် မြင့်မားရေးမွန်းမံ သင်တန်း ဖွင့်လှစ်

ဒိုက်ဦး မတ် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် ဝန်ထမ်း စွမ်းဆောင်ရည်မြင့်မားရေး မွန်းမံသင်တန်းအား ယမန်နေ့တွင် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပဲခူးခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းမြတ်မှ အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ဦးစီးဌာနမှူး ဦးဇော်ဇော်ဦးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်ကြားမည့် ဘာသာရပ်များကို ရှင်းလင်းတင်ပြသည်။

အဆိုပါ သင်တန်းတွင် ရုံးလုပ်ငန်း၊ ကွန်ပျူတာအသုံးပြု၍ မြေတိုင်းတာခြင်းနှင့် ဌာနမှ ကိုင်တွယ်ကျင့်သုံးလျက်ရှိသည့် ဥပဒေများ လယ်ယာကဏ္ဍဆိုင်ရာ စာရင်းများနှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု ဆိုင်ကောက်ယူပြုစုခြင်းနှင့် မြို့မြေစီမံခန့်ခွဲ ခြင်း သင်ခန်းစာများကို ပို့ချမည်ဖြစ်သည်။

အဆိုပါ သင်တန်းကို (၁၁.၁.၂၀ ၂၂) ရက်နေ့မှ (၁၄.၃.၂၀၂၂) ရက်နေ့ထိ ပို့ချမည်ဖြစ်ပြီး သင်တန်းသား (၃၆) ဦး တက်ရောက်ကြကြောင်း သိရသည်။

ကျော်ကျော်(ဒိုက်ဦး)