ကော့မှူး မတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဗဟိုစာကြည့်တိုက်တွင် အများပြည်သူများ တိုင်းရင်းသားစာပေ လေ့လာဖတ်ရှုနိုင်ရန်နှင့် တိုင်းရင်းသားကလေးငယ်များ မိခင်ဘာသာစကား တတ်မြောက်မှု မြင့်မားစေရန်နှင့် မြန်မာစာပေ မြန်မာစကားကို လေ့လာရာတွင် အထောက်အကူ ရရှိစေရန် ရည်ရွယ်၍ UNICEF မြန်မာမှ တိုင်းရင်းသားဘာသာပုံပြင်စာအုပ်များ လာရောက်လှူဒါန်းပေးထားကြောင်း သိရသည်။
အဆိုပါ လှူဒါန်းစာအုပ်များတွင် တိုင်းရင်းသား (၂၅)မျိုးတို့၏ စာပေနှင့် ရိုးရာပုံပြင်များကို တိုင်းရင်းသား ဘာသာစကား၊ မြန်မာဘာသာစကားတို့ဖြင့် လူမျိုးတစ်မျိုးလျှင် (၁၀)အုပ်နှုန်းဖြင့် စုစုပေါင်း (၂၅၀)အုပ်အား လာရောက် လှူဒါန်းထားကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)