သံတောင်ကြီး မတ် ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် Book Club အဖွဲ့ဝင် များက စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ ခေါင်းဆောင်မ လျှို့ဝှက်ချက် စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၃)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနော်လော်မူက စာဖတ်ခြင်းအကျိုးကျေးဇူးနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဝင် နော်မူးလို့စာရေး စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ ခေါင်းဆောင် မှုလျှို့ဝှက် ချက် စာအုပ်ပါခေါင်းစဉ်ငယ်များဖြစ်သည့် အသက်ရှည်ဆေး၊ အဘိုးအိုနှစ်ဦး ဆွေးနွေးခန်း၊ ခေါင်းဆောင်မှုလျှို့ဝှက်ချက်၊ သင့်လက်ထဲမှာ စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး စောကညောသာ( Book Club )အဖွဲ့ဝင်က ဘဝမှာအောင်မြင်ချင်ရင်၊ ခေါင်းဆောင်မှု ဆိုင်ရာသိမှတ်ဖွယ်ရာ၊ဘဝ ရည်မှန်းချက် စသည့်အကြောင်းအရာများ ဆွေးနွေးပြီး ဒေါ်ဘေဘီ(Book Club)အဖွဲ့ဝင်က စိတ်အာရုံကိုဆွဲဆောင်ခြင်း၊ ခေတ်မီ အော်သာတွေးပါ၊ ဥပဒေစည်းကမ်း၊ ဓလေ့ ထုံးတမ်းစသည့်အကြောင်းအရာခေါင်စဉ်များကို ဖတ်ကြားဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဖတ်ရှု ဆွေးနွေးခဲ့ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)