ကျိုက်ဒုံမြို့၌ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲအိုမီခရွန်(omicron)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေးခြင်းနှင့် Mask Champaign ပြုလုပ်

ကျိုက်ဒုံ မတ် ၁၅

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ယနေ့နံနက်၈နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်၊ စည်ပင်သာယာရေးအဖွဲ့ များ၊ တာဝန်ရှိသူများ ပူးပေါင်းပြီး ကျိုက်ဒုံမြို့ပေါ်ရပ်ကွက်များနှင့်လမ်းဆုံနေရာများ၌ ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲအိုမီခရွန် (omicron)ရောဂါပိုး ကြိုတင်ကာကွယ် နိုင်စေရေးအတွက် အသိပညာပေးခြင်းနှင့် (Mask Champaign) ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာပေးခြင်းနှင့်( Mask Champaign) ပြုလုပ်ရာတွင် ပြည်သူများအနေဖြင့် မိမိတို့၏ နေအိမ်မှ ပြင်ပထွက်ခွာတိုင်း နှာခေါင်းစည်း(Mask)များစနစ်တကျတပ်ဆင်ကြရန်၊မိမိတို့၏လက်ကို မကြာခဏဆပ်ပြာရည်၊ လက်သန့်စင်ရည်များဖြင့် စနစ်တကျ ဆေးကြောကြရန်၊ဂရုပြုသွားလာ နေထိုင်ရမည့်နည်းလမ်းများ အသိပညာပေး ပြောကြားခဲ့ပြီးပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)