စုကလိ မတ် ၁၅
မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးအနေဖြင့် အထက်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲအား ယနေ့နံနက်၁၀နာရီ အချိန်က စုကလိမြို့ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ပေးခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ပိုပိုအောင်မှ ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပေးခဲ့ပြီး အထက်တန်းအဆင့်ကလေး (၈)ဦးမှ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား အမှတ်တရပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ပိုပိုအောင်