ကမမောင်း မတ် ၁၅
ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊ ကမမောင်းမြို့ အာလောကရာမကျောင်းတိုက်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် သာသနာရက္ခိတဝိနယာဓိက စာတော်ပြန်ပွဲအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယနေ့နံနက်တွင် (၅၈)ကြိမ်မြောက် စာတော်ပြန်ပွဲအား ဆင်ယင်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သာသနာရက္ခိတဝိနယာဓိက စာပြန်ပွဲတွင် ဝင်ရောက်စာပြန်/စာဖြေကြမည့် ဖာပွန် မြို့နယ်နှင့် ကမမောင်းမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ကမမောင်းစာဖြေဌာန တွင်(၅၈)ကြိမ်မြောက် စာပြန်ပွဲအား ဝင်ရောက်ဖြေဆိုကြမည့် ရဟန်း/သာမဏေ/လူပုဂ္ဂိုလ်များပါဝင်ပြီး ဝိနည်းရေးဖြေအဆင့်(၃)ပါး၊ ရှင်ကျင့်ဝတ်(၆၂)ပါး၊ စာပြန်သား(၁၀၆)ပါး၊ လူပုဂ္ဂိုလ်(၁၈)ဦး ဝင်ရောက်ဖြေဆို ကြောင်း သိရှိရသည်။
ယဉ်ယဉ်အေး(ပြန်/ဆက်)