လိပ်သို မတ် ၁၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို(၈)ကြိမ်မြောက် ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
လိပ်သိုမြို့ပေါ်ရှိ ဘာသာရေးအဖွဲ့အစည်းများမှပုဂ္ဂိုလ်များ၊ အသက်(၁၈)နှစ်အထက် ပြည်သူ များ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသည့် နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့ဝင်များကို လိပ်သိုမြို့တိုက်နယ် ကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိပြီး လိပ်သိုမြို့နှင့်အလှမ်းဝေးကွာသော သောက်ရေခပ်၊ ထီးသာစော၊ ကျောက်တခါး၊ မိတ် သလင်တောင်၊ မြသာကုန်း ကျေးရွာရှိ ပြည်သူများအား လိပ်သိုမြို့ ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ် ရေးမှူး ဦးစောမြကျော်မှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ကွင်းဆင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
နီလာအေး (လိပ်သို)