လှိုင်းဘွဲ မတ် ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကျိုက်မုရောဘုန်းတော်ကြီးကျောင်းတွင် ကျိုက်မုရောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်သော ရဟန်း၊ သံဃာများအတွက် နေ့ဆွမ်းနှင့် ဆွမ်းဆန်၊ဆီ၊လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့က စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ) စစ်ဗျူဟာမှူးနှင့် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ) ကွပ်ကဲမှု အောက်ရှိ တပ်ရင်း/တပ်ဖွဲ့ဝင်များက အဆိုပါ ဘုန်းတော်ကြီးကျောင်း၌ သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရှိရ သည်။
အဆိုပါဆက်ကပ်လှူဒါန်းရာတွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စံထူးကျော်နှင့်တပ်ရင်း/တပ်ဖွဲ့များ၊ အရာရှိ/စစ်သည်မိသားစုများက ကျိုက်မုရောစေတီတော် မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ တွင် သွားရောက်ကာ ကျိုက်မုရော ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင် ဆရာတော်အား ဖူးမြှော်ကြည်ညိုပြီး ရဟန်း/သံဃာများ အတွက် ဆွမ်းဆန်၊ ဆီ၊ ကြက်ဥ၊ ခြံထွက်ဟင်းသီးဟင်းရွက်များ၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက် ကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)