သံတောင်ကြီးမြို့နယ် ၊ လ္ဘက်အင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်

သံတောင်ကြီး   မတ်  ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာ ကာလအတွင်း ထပ်မံတိုးချဲ့ ဆောင်ရွက်သည့် မြစိမ်း ရောင်စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့ နေ့လယ် (၁)နာရီက လ္ဘက်အင်း ကျေးရွာတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာမြို့နယ်ဦးစီးမှူးဦးချမ်းဝင်းငြိမ်းက မြစိမ်းရောင်စီမံကိန်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မိတ်ဆက်ရှင်းလင်းပြောကြားပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်စီမံကိန်းလုပ်ငန်းစဉ်များနှင့် ပတ်သက် ၍ မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်များ ဆောင်ရွက်ခဲ့သည်။

ထို့နောက်  လ္ဘက်အင်းကျေးရွာကျေးရွာသူ/ကျေးရွာသားများက  ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များကို အများသဘောဆန္ဒနှင့် အညီမဲစနစ်ဖြင့် ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။

နော်နော်မူ