လှိုင်းဘွဲမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စုစုပေါင်း(၁၁၉၂၅၆)ဦးထိုးနှံပြီးစီး

လှိုင်းဘွဲ   မတ်   ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ သာသနာပြုရဟန်း၊ သံဃာတော်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ပြည်နယ်အစိုးရအဖွဲ့၏စီမံခန့်ခွဲမှုနှင့် ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှခွဲဝေပေးလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများဖြစ်သည့်  Sinopham၊Sinovac၊ Covid-Shield၊ Covaxin(Booster) စသည့် ကာကွယ်ဆေးများကို ဆေးရောက်ရှိမှုအပေါ်မူတည်၍ ဆေးထိုးစုရပ်များအပြင်၊ ကျေးရွာများ၌ အိမ်အရောက် ကွင်းဆင်း၍ ကျန်းမာ ရေးဝန်ထမ်းများနှင့်အတူ ဌာနဆိုင်ရာများ၊ ကျေးရွာတာဝန်ရှိသူများက သွားရောက်ထိုးနှံပေးလျက်ရှိကြသည်။

ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးများကို Phase 1 မှ Phase 8 အထိ First Dose နှင့် Second  Dose ဆေးထိုးနှံပြီးစီးသူများနှင့် ထပ်ဆောင်း ကာကွယ်ဆေး Covaxin (Booster) ကိုထိုးနှံပြီးစီးသူ ယမန်နေ့ ညနေပိုင်းအထိစာရင်းအရ   စုစုပေါင်း(၁၁၉၂၅၆)ဦးအား ထိုးနှံပေး ခဲ့ပြီးဖြစ် ကြောင်း၊ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသေးသောရပ်ကွက်နှင့် ကျေးလက်နေပြည်သူများကိုလည်း ရပ်ကွက်၊ ကျေးရွာစာရေးများ၊ ရာအိမ် မှူး၊ ဆယ်အိမ်မှူးများတို့ဖြင့် စနစ်တကျစာရင်းများကောက်ယူ၍ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ တာဝန်ရှိ သူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များပူးပေါင်း၍ မြို့နယ်ခန်းမ၊ ကျေးရွာအုပ်စု စုရပ်များအသီးသီး၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးနေ လျက်ရှိျကြောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးထံမှ သိရှိရသည်။

လင်းသန့်(ပြန်/ဆက်)