မြဝတီခရိုင်ရုံးတွင် Mobile ဖုန်းဖြင့် ဗီဒီယိုတည်းဖြတ်နည်းသင်တန်းဖွင့်လှစ်သင်ကြား

မြဝတီ  မတ်  ၁၅

ယနေ့ခေတ်နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ  လူငယ်၊လူရွယ်တိုင်းနည်းပညာပိုင်းနှင့် သက်ဆိုင်သည့် အတွေးအခေါ်များ မြင့်မားတိုးတက်လာစေရန်နှင့်  သတင်းများရေးသားတတ်စေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲ ၁ နာရီက Mobile ဖုန်းဖြင့်ဗီဒီယိုတည်းဖြတ်နည်း သင်တန်းကို မြဝတီခရိုင် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

သင်တန်းတွင် ခရိုင်ရုံးလက်ထောက်ညွှန်ကြားရေးမှူးဒေါ်မာမာရီက မိမိတို့ဌာနသည် သတင်းများ ရေးသားနေရသောကြောင့် သတင်းရေးသား ရာတွင်  အဓိကအခြေခံသဘောတရားများကို သိရှိနားလည်ပြီး လက်တွေ့အသုံးချနိုင်စေရန် ရည်ရွယ်၍ ယခုလိုသတန်းဖွင့်လှစ်ရခြင်းဖြစ် ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍  ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းက  Kine Master Softwareဖြင့်     ဗီဒီယိုတည်းဖြတ်နည်း၊ ရုပ်ပုံများထည့်နည်း၊  Logoထည့်နည်း၊  နောက်ခံအသံထည့်နည်းနှင့်  ပုံစာရေးသားနည်းများကို လက်တွေ့သင်ကြားပေးရာ သင်တန်းနည်းပြဦးထိန်လင်းအောင်မှသတင်းရေးသား ထုတ်ပြန်ခြင်းသတင်းသင်ခန်းစာမှတ်စုပါ  ခြေခံသတင်းစာပညာ၊ အချက်အလက်စုဆောင်းခြင်း၊ သတင်းရေးသားခြင်း၊ သတင်းထုတ်ပြန်ခြင်း နှင့် သတင်းဓာတ်ပုံပညာ သင်ခန်းစာတို့ကို ဆက်လက် ပို့ချသင်ကြားခဲ့သည်။

အဆိုပါ သင်တန်းကို မတ်လ ၁၄ရက်နေ့မှ ၁၅ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး  သင်တန်းသား၊ သင်တန်းသူ(၁၀)ဦးတို့ တက်ရောက်သင်ကြားကြကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)