ပိုင်ကျုံမြို့ ထန်းတပင်ကျေးရွာအုပ်စု ထန်းတပင်-မဲသပုံ ကျေးရွာချင်းဆက်လမ်းအား ကွန်ကရစ်ခင်းခြင်း (၇၀)ရာခိုင်နှုန်းပြီးစီး

ပိုင်ကျုံ  မတ်   ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ပြည်သူများ၏ လူနေမှုဘဝတိုးတက် မြင့်မား လာစေရေးနှင့် သွားလာရေးလွယ်ကူ အဆင်ပြေ စေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ထန်းတပင်ကျေးရွာအုပ်စု ထန်းတပင်-မဲသပုံ ကျေးရွာချင်းဆက် လမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် (၇၀)ရာခိုင်နှုန်းခန့် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းသည် (၁.၆၀၉)ကီလိုမီတာရှိပြီး ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ၂၀၂၁-၂၀၂၂ ခုနှစ် ၆လပတ်ဘဏ္ဍာရေးနှစ်  ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေကျပ် (၂၆၈.၃၀၀)သန်းဖြင့် အကောင်အထည်‌ဖော် ဆောင်ရွက်လျက်‌ရှိကြောင်း၊ ယင်းလမ်း‌ခင်းခြင်း လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးအတွက် ကရင်ပြည်နယ် ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာ၀န်ရှိသူတို့က အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ပြီးစီးပါက ပိုင်ကျုံမြို့အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျေးရွာအတွင်းရှိ ကျေးလက်နေပြည်သူများ အနေဖြင့် ဥတုသုံးပါးစလုံး လမ်းပန်းဆက်သွယ်ရေး  အဆင်ပြေလွယ်ကူစွာ သွားလာနိုင်သည့်အပြင် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး လုပ်ငန်း များ ဆောင်ရွက်ရန်အတွက် ပိုမိုလွယ်ကူ အဆင်‌ပြေလာမည်ဖြစ်ကြောင်း သိရသည်။

စောဂျိုးဇက်ဂျူး