တမူး မတ် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ မတ်လ(၁၄)ရက်နေ့ ညနေ(၃)နာရီအချိန်က စာပေမြတ်နိုးသူများနှင့် စာရေးဆရာ အောင်သင်းရေးသားသည့် ရည်မှန်းချက်နှင့်ပြဿနာ အထွေထွေစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရာတွင် မြို့သစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယ ဦးစီးမှူး ဒေါ်စန္ဒာထွန်းက စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်းမှာ လူငယ်များစာပေကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်များဖြစ်ပေါ်လာစေရန်နှင့် စာပေကိုဖတ်ရှုခြင်း အားဖြင့် အသိပညာဗဟုသုတများ တိုးပွားလာပြီး အတွေးအခေါ်ကောင်းများ ရရှိစေရန်၊ အမှားအမှန်ကိုဝေဖန်ပိုင်းခြား ဆုံးဖြတ်တတ်သည့် အလေ့ကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး စာပေချစ်မြတ်နိုးသူများ အဖွဲ့ဝင် ဒေါ်အေးသန္တာ နှင့်အဖွဲ့ဝင်များက “ရည်မှန်းချက်နှင့်ပြဿနာ အထွေထွေ” စာအုပ်မှ ကြီးပွား ချင်တဲ့စိတ်ရှိရင် ကြီးပွားနိုင်လောက်တဲ့ ပတ်ဝန်းကျင်မှာနေပါ အတွေးအခေါ်ကြောင့် ဘဝ ပြောင်းလဲတလား ဘဝကြောင့်အတွေးအခေါ် ပြောင်းလဲတာလား။ ကျောင်းမျှပင် မှန်မှန် မတက်နိုင်သောလူငယ်များ တိုးတက်ကြီးပွားရန် အချိန်မည်မျှလိုပါသလဲ စသည့် စာအုပ်ပါ အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာသည့် စာပေမြတ်နိုးသူ အဖွဲ့ဝင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ချင်းတွင်းမေ