မြေပုံမြို့ အခြေခံပညာမူလတန်းကျောင်း သဲတန်းရှေ့၌ နယ်လှည့်စာကြည့်တိုက် (Mobile Library) ပြုလုပ်

မြေပုံ မတ် ၁၅

ဗဟုသုတဖြစ်စေမည့် စာအုပ်စာပေများကို ကျောင်းသား၊ ကျောင်းသူ၊ လူကြီး၊ လူငယ်၊ ဝန်ထမ်းများပါ အလွယ်တကူ လေ့လာဖတ်ရှုနိုင်ရေးအတွက် မြေပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက် (Mobile Library) ဖွင့်လှစ်ကာ စာကြည့်တိုက်ဝန် ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်မှုကို ယနေ့ နေ့လယ် ၁ နာရီက ကျန်မာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ အခြေခံပညာမူလတန်း ကျောင်း သဲတန်းရှေ့ မြေပုံမြို့၌ ဆောင်ရွက်ကြသည်။

ထို့သို့ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်း အခြေခံပညာ ကျောင်းများ၊ ဌာနဆိုင်ရာရုံးများနှင့် ကျေးရွာများသို့ သွားရောက်ကာ နယ်လှည့် စာကြည့်တိုက် (Mobile Library) ဖွင့်လှစ်၍ သုတ၊ ရသ စာအုပ်စာစောင်များ ငှားရမ်းပေးပြီး စာကြည့်တိုက်အသင်း ဝင်လိုသူများကို အသင်းဝင်ကတ်များ အခမဲ့ပြုလုပ်ပေးရာ စာကြည့်တိုက် အသင်းဝင်များ၊ စာငှား၊ စာဖတ်များ ထပ်မံတိုးပွားလာကာ ကျေးရွာများ၊ အခြေခံပညာကျောင်း များတွင် အသိပညာပေးဟောပြောပွဲများ၊ နံရံကပ်ဓာတ်ပုံ၊ နံရံကပ်စာစောင်များ ပြသခြင်းများကို ဆောင်ရွက် လျက်ရှိကြသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)