ရေတာရှည် မတ် ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ဘိုးကြာညိုကျေးရွာ စနစ်ကျလယ်ယာမြေ ဧက ၁၀၀ ကွင်း၌ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ထောက်ပံ့ပေးအပ်သော ဓာတ်မြေဩဇာများအား ယနေ့ နံနက်ပိုင်း တွင် ရေတာရှည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းက တောင်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းက တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များအား ညှိနှိုင်းဆွေးနွေးမှာ ကြားခဲ့ပြီး စနစ်ကျလယ်ယာမြေ ဧက ၁၀၀ ကွင်းအတွင်းရှိ တောင်သူ (၁၇) ဦးအား တစ်ဦးလျှင် ဓါတ်မြေသြဇာအိတ် (၂) အိတ်နှုန်းဖြင့် (၃၄) အိတ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)