ပြည်မြို့ ဆင်မကြပ်စစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများ Mask စနစ်တကျ တပ်ဆင် သွားလာရေး စစ်ဆေးဆောင်ရွက်

ပြည် မတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ ဆင်မကြပ်စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ခရီးသွားပြည်သူများ mask စနစ်တကျ တပ်ဆင်သွားလာရေး စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ခရိုင်စီမံကိန်း၊ ပြန်ဆက်၊ ထွေအုပ်၊ ရဲ၊ မီးသတ်၊ လူမှုဝန်ထမ်း၊ ယာဉ်ထိန်းရဲ၊ ရပ်ကွက်တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်မော်တော်ဆိုင်ကယ်နှင့် အနှေးယာဉ်များဖြင့် စီးနင်း လိုက်ပါလာသူများ mask စနစ်တကျတပ်ဆင် သွားလာစေရေးအသိပညာပေးခြင်း၊ mask တပ်ဆင်မှုမရှိသူများအား ဒဏ်ကြေး အဖြစ် mask ၃ ခုလျှင် ၅၀၀ ကျပ်နှုန်း ဝယ်ယူတပ်ဆင်စေခြင်းဖြင့် mask စနစ်တကျတပ်ဆင် သွားလာစေရေး စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်မြို့နယ်တွင် ဆင်မကြပ် စစ်ဆေးရေးဂိတ်၊ နဝဒေးတံတားစစ်ဆေးရေးဂိတ်၊ တာဂွ စစ်ဆေးရေးဂိတ်တို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခရီးသွားပြည်သူများ mask စနစ်တကျတပ်ဆင် သွားလာရေးကို ခရိုင်/မြို့နယ် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက နေ့စဉ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်ဆက်