ရေတာရှည် မတ် ၁၇
စိုက်ပျိုးရေးကို အဓိကအားထား လုပ်ကိုင်လျက်ရှိကြသည့် တောင်သူများ၏ လက်မှု လယ်ယာ ခေတ်မှသည် စက်မှုလယ်ယာ စနစ်သို့ ကူးပြောင်းနိုင်ရေး မဟာဗျူဟာ စီမံကိန်းဖြင့် စနစ် ကျ လယ်ယာမြေ ဧက ၂၀ဝ အား ရေတာရှည်မြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ကွင်းအမှတ် ၆၅၈ ကွင်းတွင် ဇန်နဝါရီ ၅ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့ အချိန်ထိ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီး သွားပြီ ဖြစ်ကြောင်း သိရသည်။
စနစ်ကျ လယ်ယာမြေ ဖော်ထုတ်ရာတွင် ဧကကွက်များအဖြစ် ဆောင်ရွက်၍ မြေပြုပြင်ခြင်း၊ မြေညှိခြင်း နှင့် ရေသွင်းမြောင်း၊ ရေထုတ်မြောင်း၊ ကုန်ထုတ်လမ်းများဆောင်ရွက်ခြင်းတို့ပါဝင် ကြောင်းသိရသည်။
"အခုလို စနစ်ကျလယ်ယာမြေဖော်ထုတ်လိုက်တဲ့အတွက် တောင်သူတွေအနေနဲ့ စိုက်ပျိုးချိန်မှာ စက်တွေ ဝင်စရာ လမ်းပိတ်တာတို့ ဘာတို့မရှိတော့ဘူး၊ ရေယူတဲ့အခါမှာလဲ အထက်အောက် ရေမတဲ့ပြဿနာ တွေမ ရှိတော့ဘူး၊ စက်ကရိယာတွေနဲ့စိတ်ကြိုက်စိုက်ပျိုးနိုင်ကြတဲ့အတွက် အများကြီး အဆင်ပြေ သွားတာပေါ့"ဟု မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းဦးကပြောကြားသည်။
စနစ်ကျလယ်ယာမြေဖော်ထုတ်ခြင်းကြောင့် တောင်သူများကြုံတွေ့ရလေ့ရှိသည့် စိုက်ပျိုးချိန် လမ်းပိတ်မှာ စိုးရိမ်ရသည့်အတွက် အများတောင်သူများနည်းတူ ထွန်ယက်ကြရခြင်း၊ မိမိတို့ကြိုက်နှစ်သက်သော စပါးမျိုး များကို စိုက်ပျိုးခွင့်မရှိခြင်းနှင့် စပါးရိတ်သိမ်းချိန်တွင် ကုန်ထုတ်လမ်းမရှိသည့်အတွက် သယ်ယူ စရိတ်များ ထပ်မံကုန်ကျခြင်းအစရှိသည့် အခက်အခဲများကိုကျော်လွှားနိုင်မည်ဖြစ်ကြောင်းသိရသည်။
ဆု (ပြန်/ဆက်)