မင်းလှ မတ် ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ဒေသခံ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနူန်းပြည့် ထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကွင်းဆင်း ဆေးထိုးနှံရေးအဖွဲ့များက ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ဌာနဆိုင်ရာများနှင့် ကျန်းမာရေးဝန်ထမ်းများ ပါဝင် သော ကာကွယ်ဆေးထိုးနှံရေး အဖွဲ့များဖြစ်သည့် မြို့နယ် မိခင်နှင့် ကလေးဌာနအဖွဲ့၊ စစ်ကွင်းမြို့အဖွဲ့၊ စိန်ကန့်လန့်အဖွဲ့၊ အင်ကြင်းကုန်းအဖွဲ့၊ ရှားတောကွင်းအဖွဲ့များက သက်ဆိုင်ရာ(RHC) အောက်ရှိ ကျေးရွာများတွင် တစ်အိမ်တစ်ဆင်း ကွင်းဆင်း၍ အသက်(၁၈)နှစ်အထက် ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းနှင့် ပထမအကြိမ် ထိုးနှံထားပြီး ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိနေသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပေါက်စ(ပြန်/ဆက်)