စမ်းချောင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်ရပ်ကွက်နေပြည်သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံ

စမ်းချောင်း ​ ​​​မတ်   

  ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်း ​မြို့နယ်၊ မုန့်လုပ်​ဆောင်းကုန်း/တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁) ကျောင်းဝင်းအတွင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က covishield phase 6(ဒုတိယ)အကြိမ်ထိုးနံသူ (၁၁) ဦး၊covishield phase  7(ဒုတိယ) အကြိမ် ထိုးနှံသူ(၁၅၄)ဦးနှင့်covishield phase 8(ပထမ) အကြိမ်ထိုးနှံသူ(၁၉၈)ဦး စုစုပေါင်း ကိုဗစ်- ၁၉ ကာကွယ် ဆေးထိုးနှံသူ(၃၆၃)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။ ကာကွယ်ဆေးထိုးနှံရာနေရာတွင် မလို လားအပ်သောပြဿနာတစ်စုံတစ်ရာမရှိစေရေးအတွက် စမ်းချောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌဦးဘဝင်းနှင့် တာဝန်ရှိသူများက  ကြီးကြပ်၍ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမိမိခိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊​​​ ​​​​ ​ စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ က ဆေးထိုးလာသူ မိဘပြည်သူများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိသည်။

ခင်ငြိမ်းချမ်းဝင်း