ကျောက်တံတား မတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် ပညာ့အလင်း ခေတ်မီ စာကြည့်တိုက်တွင် ယနေ့နံနက် ၁၁ အချိန်၌ စာပေချစ်သူ( Book Club) အဖွဲ့ဝင်များမှ လစဉ် ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူးဒေါ်ရွှေဇင်ခိုင်က(Book Club)အဖွဲ့၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး ဦးမျိုးအောင် (တရားလွှတ်တော်ရှေ့နေ)က မိမိတို့ (BookClub) အဖွဲ့ဝင်များအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဆောင်ရွက်ရမည့်အစီအမံများ၊ အသင်းဝင်တိုးပွားရေးအတွက် စည်းရုံးနိုင်မည့် နည်းလမ်းများ ကို ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာသူအဖွဲ့ဝင်များက အသီးသီးဖြည့်စွက် ဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲကို ၁၂ နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ရွှေဇင်ခိုင်