ရန်ကုန် မတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းရှိရေ အခက်ခဲရှိသော ပြည်သူများထံသို့ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်မှ စတင်၍ ရေဘောက်ဆာကားများ ဖြင့် ရေများပေးဝေလှူဒါန်းခဲ့ကြောင်းသိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း ရေပြတ်လပ်လျက်ရှိသော ရပ်ကွက်များသို့ ရေလှူဒါန်းနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဉီးညီညီအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးတင်ကိုကိုနိုင်နှင့်တာဝန်ရှိသူများ၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးတင်ထွန်းနိုင်နှင့်အဖွဲ့ဝင်များ ပူးပေါင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြပြီး မြို့နယ်အတွင်း ရေပြတ်လပ်လျက်ရှိသည့် (၄၁)တိုးချဲ့ ရပ်ကွက်မှ တော်ဝင်အိမ်ရာနှင့် မဟာမြိုင်အိမ်ရာတို့တွင် နေထိုင်ကြသော ပြည်သူများအား ရေဂါလန် ၆၄၀၀ ပေးဝေလှူဒါန်းနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် တာဝန် ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ (ဒဂုံမြောက်)