ရန်ကင်းမြို့တွင် အသက် ၁၈ နှစ်အထက်ပြည်သူများနှင့် ဆေးထိုးရန် ကျန်ရှိနေသော ပြည်သူများအား ကိုဗစ်-၁၉( Covid Shield) ကာကွယ်ဆေးထိုးနှံ

ရန်ကင်း မတ် ၁၆

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုကို ကာကွယ်နိုင်ရန်အတွက် ရန်ကင်းမြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီ အချိန်တွင်၊ မှတ်(၁၄) ရပ်ကွက်၊ မိုးကောင်းဘုရားလမ်းရှိ မဟာ သာသနာ့ဗိမာန်တော်ကြီးတွင် အသက်(၁၈)နှစ် အထက်ပြည်သူများနှင့် ကိုဗစ်-၁၉ (Covid Shield) ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများအား လူတစ်ဦးလျှင် နှစ်ကြိမ်နှုန်းဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-ရောဂါ လမ်းညွှန်ချက်များနှင့် ဘအညီ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးရာတွင် မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှ ကိုယ်အပူချိန်တိုင်းပေးခြင်း၊သွေးပေါင်ချိန်တိုင်းပေးခြင်း တို့ဆောင်ရွက် ပေးလျက်ရှိပြီး  မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှတာဝန်ရှိ သူများကလိုအပ်သည်များကို  ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။  

အိရွှေစင်(ပြန်/ဆက်)