တောင်ဥက္ကလာပမြို့နယ်တွင်စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရေးအတွက် ရွေ့လျား စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များကို ငှားရမ်းပေး

တောင်ဥက္ကလာပ   မတ်  ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၁နာရီ အချိန်က ဌာနဆိုင်ရာရုံးများအရောက် သွားရောက်ငှားရမ်းပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ငှားရမ်းပေးရာတွင် တောင်ဥက္ကလာပမြို့နယ် သမဝါယမဦးစီးဌာနသို့ ယခင်ငှားရမ်းပေးထားသော စာအုပ်များအားပြန်လည်သိမ်းဆည်းပြီး ယခုအပတ်တွင် သုတ၊ ရသ စာအုပ်များ (၂၅) အုပ်ကို အသစ်ပြန်လည်လဲလှယ်ငှားရမ်းပေးခဲ့ကြောင်းနှင့် ထိုသို့ငှားရမ်းပေးရခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုမှု ပိုမိုမြင့်မား လာစေရန်နှင့် အလုပ်တာဝန်များကြောင့် မအားမလပ်ဖြစ်နေသူများ၊ အချိန်မရှိ၍ စာကြည့်တိုက်သို့ စာအုပ်စာပေများလာရောက် မငှားရမ်းနိုင်သည့်သူများအတွက်ရည်ရွယ်၍ သွားရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို တောင်ဥက္ကလာပမြို့နယ်ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဌာနဆိုင်ရာရုံးများသို့ နေ့ရက် အလိုက် အလှည့်ကျသွားရောက် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)