ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး

ဒဂုံအရှေ့  မတ်  ၁၆

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ Ck Frozen Foods၊Westwood Myanmar Co.Ltdနှင့် Myanmar Hand Some Garmentစက်ရုံတို့အား မန်ယနေ့နံနက်(၁၁)နာရီ က ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်ကျန်းမာရေး၊ အရှေ့ပိုင်းခရိုင် စစ်ဆေးရေးအဖွဲ့ (၁)မှ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်များတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ စက်ရုံများသို့ အရှေ့ပိုင်းခရိုင်စစ်ဆေးရေး အဖွဲ့(၁) ၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင်ကျန်းမာရေးမှ ဒေါက်တာဇေယျာမင်းပိုင်၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်း၊အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်မိုးတို့က သွားရောက်စစ်ဆေးခဲ့ရာPhysical Distancing အတွက် ၆ပေ တိကျသောအကွာအဝေးရှိစေရန်ကြမ်းပြင်ပေါ်တွင် အမှတ်အသားရှိ/ မရှိ၊အလုပ်တက်/ဆင်းချိန်မတူညီစေရန်စီစဉ်ထားရှိမှု၊ ထမင်းစားချိန် မတူညီစေရန်၊ အလုပ်သမား တိုင်းအတွက်ပါးစပ်၊နှာခေါင်းစည်းများ၊လက်အိတ်များ တပ်ဆင် ထားရှိမှု၊ကိုဗစ်-၉လက္ခဏာများ ခံစားနေရသည့်ဝန်ထမ်းများကိုလုပ်ငန်းခွင်သို့ မဝင်ရောက်စေဘဲကျန်းမာရေး ဌာနသို့မည်သို့ မည်ပုံသွားရောက် ဆေးကုသပေး မည့်အကြောင်းကို ကြိုတင်တွက်ဆစီစဉ်ရေးဆွဲ ဆောင်ရွက်ထားရန်၊ အလုပ်ခွင်သို့ မဝင်ရောက်ရမည့်အချက်များကို Vinyl ဖြင့် ထင်ရှားစွာရေးသားထား ရှိရန်၊ ကိုယ်အပူချိန်တိုင်းသည့် ဝန်ထမ်းအား Masks၊Gloves၊ Apron၊ Faceshield အပြည့်အစုံ ထောက်ပံ့ပေးထားရန်၊ အဖုံးနှင့်ခြေနင်းပါသည့် အမှိုက်ပုံးများကို အသုံးပြုရန်၊ ဝန်ထမ်းအိပ် ဆောင်များသတ်မှတ်ချက်နှင့်အညီ ပြုပြင်ရန်၊ လေဝင်၊ လေထွက်ကောင်းမွန်ရေးနှင့်Aircon လေစစ်ဇကာများ ပုံမှန်သန့်ရှင်းရေး ပြုလုပ်၍ မှတ်တမ်းထားရှိရန်စသည့် အချက်များ ဆောင်ရွက်ထားရှိမှုရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပြောကြားခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ(ပြန်/ဆက်)