အလုံမြို့နယ်၌ အသက်(၁၈)နှစ်အထက် ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Phase-6 second dose နှင့် Phase-7 first dose ထိုးနှံခြင်းများ ဆောင်ရွက်

အလုံ    မတ်  ၁၆

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင်  အသက် ၁၈နှစ်အထက်နှင့် ဘိုးဘွားများ၊  ပြည်သူ များ၊ လက်ရှိ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ သံဃာတော်များနှင့် စည်ပင်ဈေးဝန်ထမ်းများ၊ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း ဝန်ထမ်းများအား ကိုဗစ်- ၁၉ကာကွယ်ဆေး   Phase-6 second dose၊နှင့် Phase-7 first dose ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှစတင်ကာ   အလုံမြို့နယ်အမှတ်(၄) အ​ခြေခံပညာ အထက်တန်း​ကျောင်း သီရိရတနာခန်းမ၌  ထိုးနှံဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်အပူ ချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် မီးသတ်၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ ပူးပေါင်း ၍ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အလုံမြို့နယ်တွင်  Phase-6 second dose  (၂၄၀၂၁)ဦးနှင့် Phase-7 first dose (၂၅၁၂၇) ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးပြီဖြစ်​ကြောင်း သိရသည်။

တင်တင်ချို (ပြန်/ဆက်)