တိုက်ကြီးမြို့နယ် Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club ဖြင့် စာဖတ်ဝိုင်း ကျင်းပ

တိုက်ကြီး  မတ် 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ ၌ စာပေချစ်မြတ် နိုးသူများအသင်း Book Club နှင့် ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာကျော်စိန် ရေးသားထားသော ‘’ လူငယ်လမ်းညွှန် ‘’ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် စာထောက်-၃ ဒေါ်ခင်နှင်းသက်က လူငယ်များအသိပညာဗဟုသုတ တိုးပွား စေမည့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ဖတ်ရှုထားသည့် စာပေ အသိများအား ပြန်လည်မျှဝေပေးနိုင်ရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပရခြင်းဖြစ် ကြောင်း ရှင်းလင်းပြောကြားပြီး ‘’ လူငယ် လမ်းညွှန် ‘’ စာအုပ်တွင်ပါဝင်သည့် စာရေးသူ၏ အမှာစာ၊ နိဒါန်းနှင့် အခန်းများအလိုက် မိတ်ဆက် ဆွေးနွေးပေးပြီး တက်ရောက်လာသည့် စာပေချစ်မြတ်နိုး သူများအသင်း Book Club အဖွဲ့ဝင်များက လူငယ်နှင့်ကျန်းမာရေး၊ လူငယ် နှင့်ပညာရေး၊ လူငယ်နှင့် ဘာသာရေး၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး စသည့် အကြောင်း အချက်များကို ဖတ်ကြား၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာန မှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ဝန်ထမ်းများ အရည်အချင်းမြှင့်တင်ရေးအတွက် ဝန်ထမ်းများနှင့် စာဖတ်ဝိုင်းများ၊ စာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ထွန်းစေရန်၊ ပြန်လည် မျှဝေ ပေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် စာဖတ်ပရိတ်သတ်များ၊ စာပေချစ်မြတ်နိုးသူများအသင်းနှင့်  စာဖတ်ဝိုင်းများကို လစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)