သာယာဝတီ မတ် ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ကျိုက်ထိုဇာတိကာရုံပရိယတ္တိ စာသင်တိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော သီရိဓမ္မမဟာ ပဋ္ဌာန ဆုတောင်းပြည့် စေတီတော်နှင့် အရံစေတီတော်တို့အား ရွှေသင်္ကန်းကပ်လှူခြင်း ၊ထီးတော်တင်လှူခြင်း၊ ဗုဒ္ဓါဘိ သေကအနေကဇာတင် မင်္ဂလာ ရေစက်ချ အလှူတော်မင်္ဂလာပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျိုက်ထိုဇောတိကာရုံကျောင်းတိုက်၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဣန္ဒာစရိယနှင့် ဆရာတော်၊သံဃာတော်များ၊ ဧည့်ပရိတ်သတ် အပေါငက စေတီတော် ကြီးအား လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညိုပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဣန္ဒာစရိယက ပရိတ်နံ့သာ ည်များ ပက်ဖျန်းကြကာ သီရိဓမ္မမဟာပဋ္ဌာန ဆုတောင်းပြည့်စေတီတော်မြတ်အား ထီးတော်တင်လှူခြင်း၊ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူ ခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟို၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ကြည်မျိုးလွင်နှင့်ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စေတနာရှင်အလှူ ရှင်များ၊ ဒေသခံ ပြည်သူများ တက်ရောက်ခဲကြကြောင်း သိရသည်။
သန့်ဇော် (သာယာဝတီ)