ဘုတလင်မြို့တွင် COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ဘုတလင်   မတ်  ၁၇

COVID-19 ရောဂါနှင့်ပတ်သက်၍ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲ့များနှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့ လူစည်ကားရာ နေရာများတွင် ယမန်နေ့မှ  စတင်ကာ အသိပညာပေးခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ပြည်သူလူထုအနေဖြင့် လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနားများ၊ ပွဲလမ်းသဘင်များကို ဧပြီလ (၃၀)ရက်အထိ မပြုလုပ်ကြရန်နှင့် ရပ်ဆိုင်းထားရန်၊ ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနမှ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်သည့် သတိပေး နှိုးဆော်ချက်များကို တိတိကျကျ လိုက်နာ ဆောင်ရွက်ရန်နှင့် လိုအပ်ပါက ရပ်ဆိုင်းကာလကို ထပ်မံတိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘုတလင်မြို့နယ်အတွင်း လူစည်ကားရာနေရာဖြစ်သော မြို့မ‌ဈေး၊ လ္ဘက်ရည်ဆိုင်များ၊ တက္ကသိုလ် ဝင်တန်းဖြေဆိုရာ ကျောင်းများသို့ ကျောင်းသားစောင့်ကြို လာရောက်သည့် ကျောင်းသား မိဘများ အား COVID-19 နှင့်ပတ်သက်၍ အသိပညာပေးခြင်း ဆွေးနွေးခြင်း ဟောပြောခြင်း လက်ကမ်း၊ နံရံကပ် ပိုစတာများ ဖြန့်ဝေခြင်း၊ ကပ်ရိုက်ခြင်း လုပ်ငန်းများကို ယမန်နေ့မှ စတင်ကာ ဆောင်ရွက်ခဲ့ ကြောင်း မြို့နယ် စီမံခန့် ခွဲမှု ကော်မတီထံမှ သိရသည်။

ဟန်ထွန်း(အင်းဝ)