ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင်ကျေးရွာနှင့်ခလယ်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း၌ အာကစားအသိပညာပေးဟောပြော

ကြာအင်းဆိပ်ကြီး မတ် ၁၆

အားကစားနှင့်ကာယပညာဦးစီးဌာနမှ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား ကျောင်းသူများ ကိုယ်ကာယကျန်းမာသန်စွမ်းစေရေး ကိုယ်ကာ ယလေ့ကျင့်ခန်းများ လေ့ကျင့်ဆောင်ရွက်တတ်လာစေရေးနှင့် အားကစားသိပ္ပံကျောင်းသို့တက်ရောက်နိုင်မည့် ကျောင်းသား ကျောင်းသူများရရှိပြီး သွားရောက် ပညာသင်ကြားနိုင်စေရေးအတွက် အားကစား အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းအချိန်ကကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ် ကြီးမြို့နယ် တံခွန်တိုင်ကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်းနှင့် ခလယ်ကျေးရွာအုပ်စု ခလယ်ကျေးရွာ အခြေခံ ပညာအထက် တန်းကျောင်း၌ ပြုလုပ်ကျင်းပသည်။

အဆိုပါအားကစားအသိပညာပေးဟောပြောပွဲတွင်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်ခိုင်ကျော့ကျော့ဝေက ကျောင်းသား ကျောင်းသူများအား အားကစားနှင့်ပတ်သက်၍ အားကစားနည်းအမျိုးအစားများအလိုက် အားကစားနည်းပညာ ရပ်များနှင့် အားစားလေ့ကျင့်ကစားခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာသန်စွမ်းပြီး ကျန်းမာရေး အထောက်အကူဖြစ်စေကြောင်း စသည်များအား ပြောကြားပြီး အဆိုပါကျောင်းမှ တာဝန်ရှိ သူဆရာမထံသို့ မြို့နယ် အားကစားမှူးမှ အားကစား အထောက်အကူပြုပစ္စည်းများ ပေးအပ် လှူန်းခဲ့ကြောင်း သိရသည်။

ထို့နှောက်မြို့နယ်အားကစားမှူးမှ Physical Fitness Dance ဂီတနှင့် ကိုယ်ခန္ဓာလှုပ်ရှားမှု တပြိုင်နက်လှုပ်ရှားဆောင်ရွက်ရမှု အဆင့်ဆင့်အား Exercise is Medicine (PFD) လေ့ကျင့် လှုပ်ရှားမှုများအား ကိုယ်တိုင်လက်တွေ့ဦးဆောင်သရုပ်ပြသပြီး ကျောင်းသား ကျောင်းသူ များအား ပါဝင်လှုပ်ရှား ဆောင်ရွက် စေခဲ့ကြောင်းသိရသည်။

မျိုးမင်းဦး