ပေါက် မတ် ၁၆
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် ဒေသခံတောင်သူများက ရာသီမပြတ် စီးဆင်းနေသော ကျောချောင်း၊ ယောချောင်းနှင့် မြေအောက်ရေကို အကျိုး ရှိစွာ အသုံးချပြီး တစ်နှစ်ပတ်လုံး စိုက်ပျိုးရေး လုပ်ငန်းများကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုနှစ်နှောင်းပိုင်းတွင် တိုင်ထောင်ခရမ်း ချဉ် စိုက်ပျိုး တောင်သူများ အောင်မြင်ဖြစ် ထွန်းသော်လည်း ခရမ်းချဉ်သီး ဈေးနှုန်း ကျဆင်းနေသည့်အတွက် သီးနှံဝင်ငွေ အကျိုးအ မြတ် နည်းပါးကြောင်း ပေါက်မြို့နယ် အတွင်းရှိ တိုင်ထောင်ခရမ်းချဉ် စိုက်ပျိုး တောင်သူများထံမှ သိရသည်။
ပေါက်မြို့နယ်တွင် တိုင်ထောင်ခရမ်းချဉ် စိုက်ပျိုးရေးလုပ်ငန်းကို ထန်းတပင်ကျေးရွာ၊ သရက်တောကျေးရွာ၊ မြောက်ဘက်ကျေးရွာ၊ လယ်လန်းကျေးရွာ၊ သရဖီကျေးရွာ၊ သီးချောက် ကျေးရွာ၊ သရက်လေးပင်ကျေးရွာ၊ မြေခြားကျေးရွာ၊ ရွာသာအေးကျေးရွာနှင့် ယောချောင်းဘေး တစ်လျှောက်ရှိ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး ဒေသခံတောင်သူများကဈေး ကောင်းရရှိရန် မျှော်မှန်းပြီး မိုးရာသီနှင့် ဆောင်းရာသီတွင် တိုင်ထောင်ခရမ်း ချဉ်စိုက်ပျိုး ရေးလုပ်ငန်းကို အားထားစိုက်ပျိုး လုပ်ကိုင်ကြုသည်။
“ကျွန်တော်တို့ဒေသမှာ တိုင်ထောင်ခရမ်းချဉ်သီး စိုက်ပျိုး ရေးလုပ်ငန်းကို စီးပွားဖြစ်စိုက် ပျိုးကြ ပါတယ်။ ခရမ်းချဉ်စိုက်ပျိုးရေး လုပ်ငန်းဟာ ကျွန်တော်တို့ ဒေသမှာ စိုက်ပျိုးရေအ ဆင်ပြေတဲ့ အတွက် အောင်မြင်ဖြစ်ထွန်းမှုလည်း ရှိပါတယ်။ ကျွန်တော်တို့ဒေသမှာ ခရမ်းချဉ် စိုက်ပျိုးရေး လုပ်ငန်းကို မိုးရာသီနဲ့ ဆောင်းရာ သီမှာ အများဆုံးစိုက်ပျိုးကြပါတယ်။ ပြီးခဲ့တဲ့မိုးရာသီက ခရမ်းချဉ်သီး တစ်ပိဿာကို ကျပ်၂၅၀၀၊ ၃၀၀၀ လောက် ရောင်းရတော့ တိုင်ထောင်ခ ရမ်းချဉ်စိုက်ပျိုးတဲ့တောင်သူတွေ အဆင်ပြေကြတယ်။ ခုလက်ရှိမှာတော့ ခရမ်းချဉ်သီး ဈေးနှုန်းက တစ်ပိဿာကို ငွေကျပ် ၂၀၀၊ ၃၀၀ ဈေးနဲ့ရောင်း ချနေရတော့ ခရမ်းချဉ်စိုက် ပျိုးတောင်သူတွေအတွက် အရင်းအနှီးစရိတ်နဲ့တွက်ရင် တွက်ခြေမကိုက်ဘူး ဖြစ်နေပါတယ်ဟု ပေါက်မြို့ နယ် ထန်းတပင်ကျေး ရွာမှ တိုင်ထောင် ခရမ်းချဉ်စိုက်ပျိုးတောင်သူတစ်ဦးက ပြောသည်။
ဉာဏ်တိုး(ပြန်/ဆက်)