တပေါင်းလပြည့်နေ့စုကလိမြို့သမိုင်းဝင်ဆံတော်ရှင် မုလအိစေတီတော်မြတ်အား ရွှေထီးတော်အသစ်တင်လှူပူဇော်ပွဲ ကျင်းပ

စုကလိ   မတ်   ၁၇

ကရင်ပြည်နယ် မြဝတီခရိုင်စုကလိမြို့ သမိုင်းဝင်ဆံတော်ရှင်မုလအိ စေတီတော်မြတ်ကြီး အား နှစ်စဉ်နှစ်တိုင်း တင်လှူပူဇော်မြဲ ဖြစ်သည့်ရွှေထီးတော် အသစ်တင် လှူပူဇော်ခြင်းကို ယနေ့တပေါင်းလပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ရှေးဦးစွာ ဆရာတော်အရှင်သူမြတ်တို့ကဧည့်ပရိတ်သတ် အပေါင်းတို့အားပရိတ် တရားတော်များချီးမြင့်ပေးပြီး ရွှေထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ ကို မင်္ဂလာအချိန်ဖြစ်သည့် နံနက် ၉ နာရီတွင်  အမျိုးသားဘုရား အမျိုးသမီး ဘုရားများတွင် လက်ယာရစ်လှည့်လည် အပူဇော်ခံ ဗုဒ္ဓဘိသေကအနေကဇာများ ရွတ်ဖတ်ပေးကာ ရွှေထီးတော်၊ စိန်ဖူးတော် ငှက်မြတ်နားတော်တို့ကို အမျိုးသား ဘုရားတွင်စတင်တင်လှူပူဇော်ပြီး အမျိုးသမီးဘုရားတွင် ထပ်မံတင်လှူ ပူဇော် ပေးသည်။

ထိုသို့ တင်လှူပူဇော်ရာတွင် နယ်မြေခံ တပ်ရင်း တပ်ဖွဲ့ဝင်များ၊အမြို့မြို့အနယ်နယ်မှ ဘုရားဖူး ရဟန်းရှင်လူ ပြည်သူများမှတင်လှူပူဇော်ပေးခဲ့ကြပြီး မုလအိဆံ တော်ရှင်သည် လေဒဏ်မိုးဒဏ်ပြင်းထန်သောကြောင့်နှစ်စဉ်နှစ်တိုင်းထီးတော် အသစ်တင်လှူခြင်းကိုတပေါင်းလပြည့်နေ့တွင် အစဉ်အလာမပျက် တင်လှူခဲ့သည။ ထို့နောက် ဘုရားဖူးလာပြည်သူများမှ လှုဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေ ခဲ့ကြကြောင်း သိရသည်။

ပိုပိုအောင်