သံတောင်ကြီး မတ် ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိ ရှိစေရန် ရည်ရွယ်၍ Youth Club အဖွဲ့ဝင်များက စာရေးဆရာအောင်သင်း၏ အားနေ သောလက်များစာအုပ်အား ယမန်နေ့ နေ့လည်(၃)နာရီအချိန်က သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် CommunityCentre ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နော်ဝုတ်စတီး (ရုပ်သံ-၃)က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကိုရှင်းလင်း ပြောကြား ပြီး နော်သင်း သင်းရီ(Youth Club)အဖွဲ့ဝင်က အကောင်းမြင်စိတ်ထား၊ အံ့ဩစရာရိုးရာဓလေ့၊ ကျောင်းသားလူငယ်တွေ စသည့်အကြောင်းအရာများအား ဖတ်ကြားဆွေးနွေးခဲ့ သည်။
ဆက်လက်ပြီး နော်ယုယုခင်(Youth Club) အဖွဲ့ဝင်က ခေါင်းဆောင်လားဆရာကြီးလား၊ ပညာနှင့် ကန်တော့ခြင်း၊ အားနေသောလက်များစသည့် အကြောင်းအရာများ ဖတ်ကြား ဆွေးနွေးပြီး တက်ရောက်လာသည့် Youth Club အဖွဲ့များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
နော်နော်မူ