ကမမောင်း မတ် ၁၇
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ်အကြောင်း အသိပညာပေး(Talk Show)ကို ယနေ့နံနက် (၉) နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနCommunity Centre ခန်းမ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ် အေးက(Talk Show) ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကမမောင်းနယ်မြေရဲ စခန်းမှ ရဲအုပ်ဝင်းကြိုင်က ယာဉ်မောင်းသူများ လိုက်နာရမည့်စည်းကမ်းများ၊ ယာဉ်တိုက်မှု ဖြစ်ပွားစေသည့် အ အကြောင်းရင်းများ၊ ယာဉ်မမောင်းခင်ယာဉ်များကို သေချာစွာစစ်ဆေးရန်၊ မြို့တွင်းလမ်းမများတွင် ထားရှိရမည့်သင်္ကေတ အမှတ်အသားအဓိပ္ပါယ်များ၊ ယာဉ် စည်းကမ်းလမ်းစည်းကမ်းများ ဖောက်ဖျက်ပါက ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပတ်သက်သည့်အကြောင်း အရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။
ယဉ်ယဉ်အေး(ပြန်/ဆက်)