စုကလိ မတ် ၁၇
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင်ကိုဗစ်-၁၉ ရောဂါ အပါအဝင် အိုမီခရွန်ကူး စက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက် များကို ပြည်သူများ သိရှိစေရန် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာယနေ့နံနက် ၉ နာရီက ရပ်ကွက်များအတွင်း ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက လက်ကိုင်အသချဲ့စက်ဖြင့် လိုက်လံနှိုး ဆော်ပေးသည်။
နှိုးဆော်ပေးရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရန်မိမိနေအိမ် တွင ်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက ပါးစပ်၊နှာခေါင်းစည်းကို စနစ် တကျတပ်ရန်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြု လုပ်ခြင်းသွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးရန်နှင့် မိမိတို့၌ ရောဂါပိုး ကူးစက် ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက်ဆေး ကုသမှုခံယူရန် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံကြရန်နှင့် ကာကွယ်ရေးလုပ်ငန်း များတွင် ပြည်သူအားလုံး ပူးပေါင်းပါဝင်ပေးကြပါရန် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ပိုပိုအောင်(ပြန်/ဆက်)