ကော့ကရိတ်မြို့၌ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများကဘုန်း​တော်ကြီး​ကျောင်းသို့ ဆွမ်းဆန်တော်လှူဒါန်း

​ကော့ကရိတ် မတ် ၁၇

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယ​နေ့နံနက် ၈ နာရီခွဲချိန်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ  မြို့မဘုန်းတော်ကြီးကျောင်း (ပရိယတ္တိစာသင်တိုက်)သို့ ဆွမ်း ဆန်တော်များကို တာဝန်ရှိသူများက သွား​ရောက်၍ ဆက်ကပ်လှူဒါန်းခဲ့​သည်။

ထိုသို့ဆက်ကပ် လှူဒါန်းရာတွင် ကော့ကရိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်း‌ဝေ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အရာထမ်း အမှုထမ်းများက ကော့ကရိတ်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မြို့မ ဘုန်းတော်ကြီးကျောင်း (ပရိယတ္တိ စာသင်တိုက်)သို့ သွားရောက်၍ ဆွမ်းဆန်တော် (၈)အိတ်အား ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)