ရေတာရှည် မတ်လ ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ထန်းကုန်းရွာထိပ်တွင် တည်ထားကိုးကွယ် သော အဘယလာဘမုနိစေတီတော်အား ထီးတော်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့ တပေါင်းလပြည့်နေ့ နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ထီးတော်တင် မင်္ဂလာအခမ်းအနားအား ထန်းကုန်းကျေးရွာကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ဥူးခေမိန္ဒ ဦးဆောင်၍ ဆောင်ရွက်ခဲ့ပြီး သတ်မှတ်မင်္ဂလာ အချိန်၌ အဘယလာဘမုနိစေတီတော်၏ ထီးတော်အား ပန်းရထားဖြင့်ပင့်ဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်း၊ အဖွဲ့ဝင် ဗိုလ်မှူးသူရိန်သန်းမြင့်နှင့် ဒေသခံပြည်သူများက တင်လှူခဲ့ကြသည်။
အဘယလာဘမုနိစေတီတော် စေတီတော်အား ထန်းကုန်းကျေးရွာကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ဥူးခေမိန္ဒ ဦးဆောင်၍ ဒေသခံပြည်သူများ၏ မတည်ငွေ၊ လှူဒါန်းငွေများ အကျိုးတော်ဆောင်များနှင့် ဒေသခံကျေးရွာသူ ကျေးရွာသားများ၏ လုပ်အားဒါနများဖြင့် စေတီတော်ပြန်လည် မွမ်းမံ၍ ထီးတော်တင် ပူဇော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်