ဗန်းမောက် မတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အတွင်းရှိ Book Blub အသင်းဝင်များနှင့် စာပေချစ်သူများပူးပေါင်း၍ စာရေးဆရာ ဒေါက်တာမြင့်သန်း (ညောင်လေးပင်) ရေးသားထားသည့် “ မင်္ဂလာပါခင်ဗျာနှင့် အတွေးရသစာစုများ ” စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင်း ပထမဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးအရာရှိ ဒေါ်မေသူဟန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးသည့် စာရေးဆရာ ဒေါက်တာမြင့်သန်း(ညောင်လေးပင်) ၏ “ မင်္ဂလာပါ ခင်ဗျာနှင့် အတွေးရသစာစုများ” စာအုပ်ပါအကြောင်းအရာများကို အကျဉ်းချုပ် ဆွေးနွေးပြောကြား သည်။
ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောလာကြသည့် Book club အသင်းဝင်များနှင့် စာပေချစ်သူ များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။
မေသူဟန်(ဗန်းမောက်)