လှိုင်သာယာ(အရှေ့ပိုင်း)၊ မတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိစေရန် ရည်ရွယ်၍ ပန်းခင်းစီမံချက်ဖြင့် မတ်လ ၁၆ နေ့ နံနက်ပိုင်းက ကစင်ကျေးရွာ အုပ်စုတွင် ကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိသည်။
ဆက်လက်၍လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာနမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ၀န်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်းရှိ ၃(က) ကိုင်ဆောင်သူ (၈) ဦး၊ ၆(က)ကိုင်ဆောင်သူ (၃) ဦး၊ စုစုပေါင်း (၁၁) ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ် ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကိုပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ရပ်ကွက်များသို့ ကွင်းဆင်း ဆောင်ရွက်ခြင်း၊ လူစည်ကားရာ နေရာများတွင်" လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့'' ဗွီနိုင်းပိုစတာများ ချိတ်ဆွဲ၍ ပြည်သူများ သိရှိနိုင်စေရန် ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ (၁၄) ခုတို့တွင် နေ့စဉ်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသားစိစစ်ရေးကတ်ပြား မလုပ်ရသေးသော ပြည်သူများကို မြို့နယ် လ.၀.က ဦးစီးမှူးရုံး၌ ဆက်လက်ဆောင်ရွက်ပေးလျက် ရှိကြောင်းကိုမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွန်း မှ ပြောကြားကြောင်းသိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)