ကမမောင်းမြို့တွင် လူကုန်ကူးမှုအန္တရာယ် အကြောင်းအသိပညာပေး နံရံကပ်စာစောင်ပြသ

ကမမောင်း မတ် ၁၈

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးတွင်း နံရံကပ်ပြဘုတ်တွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် အလွယ်တကူ ဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေနံနက်ပိုင်းက လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ် စာစောင်များ ပြသဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် လူကုန်ကူးမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ လူကုန်ကူးမှုခံရနိုင်ဖွယ်ရှိသည့် အချက်များကို ပြသဆောင်ရွက် ပေးထား ကြောင်း  သိရှိရသည်။

ယဉ်ယဉ်အေး(ပြန်/ဆက်)