လှိုင်းဘွဲ မတ် ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသနေ ပြည်သူများ အသိပညာဗဟုသုဖွံ့ဖြိုး တိုးတက်လာစေ ရန်နှင့်စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိ စေရန်အတွက် စာဖတ်ဝိုင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ စာရေးဆရာ ညီညီနိုင် ရေးသားထားသော ကျွမ်းကျင်တဲ့ ရင်းနှီးမြုပ်နှံသူဖြစ်ဖို့ စာအုပ်ဖြင့် ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး) ဦးစောသော်တာလင်းသန့်က ဒေသနေပြည် သူများအနေဖြင့် စာပေဗဟုသုတများ တိုးပွား လာစေရန်၊ စာဖတ်အားကောင်းမွန်လာစေရန်၊ စာပေမှရရှိလာသော အသိပညာဗဟုသုတများကို အသုံးချတတ် စေရန်၊ တစ်ဦးနှင့်တစ်ဦး အသိပညာများ မျှဝေတတ်စေရန်နှင့်စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော Book Club အဖွဲ့ဝင်များက ရင်းနှီးမြှုပ်နှံ သူတစ်ယောက်ဖြစ်ဖို့ စိတ်ပိုင်းဆိုင်ရာအရ အသင့်ပြင်ထားပြီးပြီးလား၊ ဘယ်လိုရင်းနှီးမြှုပ်နှံသူမျိုး ဖြစ်ချင် သလဲ၊ ခိုင်မာသော စီးပွားရေး လုပ်ငန်းတစ်ခု ဘယ်လိုတည်ထောင်မလဲ၊ ပါးနပ်ကျွမ်းကျင်တဲ့ ရင်းနှီးမြှုပ်နှံ သူဆိုတာ ဘယ်သူတွေလဲ၊ အရေးကြီးဆုံး ရင်းနှီးမြုပ်နှံမှု၊ ဈေးကွက် စီးပွားရေးစနစ်ကို စီမံခန့်ခွဲခြင်း၊ သူဌေး တွေ ဆင်းရဲသွားတာ ဘာကြောင့်လဲ စသည့် အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)