ကျိန္တလီ မတ် ၁၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် မူးယစ်ဆေးဝါး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျိန္တလီနယ်မြေရဲစခန်းတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်သန်းသန်းလေးမြို့ဦးစီးမှူးက ပြောကြားရာတွင် မိမိတို့ပြည်သူများအနေဖြင့် မူးယစ်ဆေးဝါးကို သုံးစွဲခြင်းဖြင့်ရရှိလာမည့် ဆိုးကျိုးများနှင့်ချမှတ်ထားသော ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ဦးစွာပြောကြားခဲ့သည်။
ဆက်လက်၍ ကျိန္တလီနယ်မြေရဲစခန်းမှ ဒုရဲအုပ်ဆက်နွယ်စိုးက ဆွေးနွေးပြောကြားရာတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ၁၉(က)အရ ပြစ်မှု၊ ပြစ်ဒဏ်၊ မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သော ဆေးဝါးများ ဥပဒေပုဒ်မ၆(ခ)နှင့် ပုဒ်မ၁၄(ယ)အရ ပြစ်မှု၊ ပြစ်ဒဏ်၊ မူးယစ်ဆေးဝါးများ ရောင်းချရန်အလို့ငှာ လက်ဝယ်ထားရှိမှုနှင့် ဖြန့်ဖြူး ရောင်းချမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၀(က)/၂၁အရ ပြစ်မှု၊ ပြစ်ဒဏ်များစသည့် ပြစ်မှု၊ ပြစ်ဒဏ်များ အကြောင်းကို ပြည်သူများ အသိပညာဗဟု သုတရရှိစေရန်ရည်ရွယ်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခိုင်မိုးမင်း(ပြန်/ဆက်)