သံတောင်ကြီးမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ၂၀၂၁-၂၀၂၂ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများအေးချမ်းစွာဖြေဆို

သံတောင်ကြီး  မတ်  ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင်၂၀၂၁-၂၀၂၂ပညာသင်နှစ် ကျောင်းတွင်းစစ်နှစ်ဆုံးစာမေးပွဲ အခြေခံပညာအလယ်တန်းအဆင့်  အဋ္ဌမ တန်း(Grade-9) ကို ယမန်နေ့နံနက် (၉) နာရီ အချိန်တွင် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် စာစစ်ဌာန(၈)ခုဖြစ်သည့် အထက(ဘုရင့်နောင်)၊ အထက(လိပ်သို)၊ အထက(သပြေညွှန့်)၊ အထက(ကျောက်ဖြာ)၊ အထက (ရှမ်းလယ်ပြင်)၊ အထက(ဗောဓိကုန်း)၊ အလက (မိတ်သလင်တောင်)၊ အလက(ခွဲ)(ကနေစိုးပင်)တို့တွင် အဋ္ဌမတန်း(Grade-9)စာမေးပွဲဖြေဆိုမည့် ကျောင်းသူ/ ကျောင်းသား =စာရင်းရှိမှာ(၁၇၂)ဦးဖြစ်ပြီးဝင်ရောက်ဖြေဆိုသည့်ကျောင်းသူ/ကျောင်းသား (၁၄၇)ဦးရှိကာ  ပျက်ကွက်(၂၅)ဦး  ရှိကြောင်းသိရသည်။

အဆိုပါစာမေးပွဲဖြေဆိုရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်၊ လမ်းညွှန်ချက်များနှင့်အညီ အေးချမ်းစွာဖြေဆို လျက်ရှိကြောင်း သိရသည်။

နော်နော်မူ