မြို့သစ် မတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ရေး အသိပညာပေး (Talk Show) ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး (Talk Show) တွင် မြို့သစ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာထွန်းက ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့သစ်မြို့ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးသန္တာက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး အကြမ်းဖက်ခံရပါက သက်ဆိုင်ရာသို့ ပွင့်ပွင့်လင်းလင်း အကြောင်းကြားရန်လိုကြောင်း၊ အမျိုးသမီးရေးရာ အဖွဲ့အနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်ပြီး ဆောင်ရွက်ပေးနေမှုများနှင့် အကြမ်းဖက်ခံရသည့် အမျိုးသမီးများအား ပြစ်ပယ်မထားဘဲ ဝိုင်းဝန်းကူညီပေးခြင်းဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ပေးပို့ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ချင်းတွင်းမေ