ကြာအင်းဆိပ်ကြီး မတ် ၁၈
ရာသီပေါ်အသီးအနှံဖြစ်သည့် နှစ်ရှည်ပင်သီးနှံပင် မရမ်းသီးပင်သည် ရာသီဥတုနှင့် သဘာဝ ရေမြေ အနေအထားအရ သဘာဝအတိုင်းတာ ရှင်သန်ပေါက်ရောက် သော နှစ်ရှည်သီးနှံပင် ဖြစ်ကြောင်းသိရသည်။အဆိုပါ နှစ်ရှည်သီးနှံမရမ်းပင်သည် ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်း၌ တော တောင်ခြံမြေများတွင် သဘာဝအတိုင်း ရှင်သန် ပေါက်ရောက်လေ့ပြီး မိုးရာသီရာအကုန်နှင့် ဆောင်းရာသီအစတွင် အပွင့်အသီးကင်းလေ့ရှိပြီး နွေရာသီ မတ်လ တွင် အသီးရင့်မှည့်စည့် ရာသီပေါ်သီးနှံဖြစ်ကြောင်းသိရသည်။
၎င်းမရမ်းပင်မှ မရမ်းသီးစတင်သီးချိန် မရမ်းသီးအကင်းအား လူကြိုက်များကာ စားသုံးသူ များလျက်ရှိပြီး အသီးကင်းတစ်ဗူးလျင် ငွေကျပ်(၁၅၀၀)ကျပ်မှ (၂၀၀၀) ကျပ်အထိရရှိပြီး မရမ်းသီးရင့်မှည့်ချိန်တွင် ဈေးနှုန်းလျော့ကျလျက်ရှိကြောင်း သိရသည်။ အဆိုပါမရမ်းသီး အရင့်မှည့်အား ခွဲခြမ်း၍ နေလှမ်းအခြောက်ခံကာ အစေ့ထုတ်ပြီး ပြန်လည်ရောင်းချရာ၌ ယမန်နှစ်များ၌ တစ်ပိဿာလျင် ငွေကျပ်(၂၀၀၀)ကျပ်မှ(၂၅၀၀)ကျပ်အထိသာရရှိပြီး ယခုနှစ်တွင် မရမ်းသီးခွဲခြမ်းအခြောက် တစ်ပိဿာလျင် ငွေကျပ်(၅၀၀၀)ကျပ်အထိ ရရှိလျက်ရှိပြီး မရမ်းသီးပင်ခြံရှင်တောင်သူများ ဝင်ငွေပိုမိုရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး