ဘူးသီးတောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိ ပညာပေးနှိုးဆော်

ဘူးသီးတောင်  မတ်  ၁၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေးအသိ ပညာပေးအနေဖြင့် လူစည်ကားရာနေရာများဖြစ်သော မြို့ပေါ်ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများတွင် ယနေ့ နံနက်( ၉)နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက အသိပညာပေးနှိုးဆော်ခဲ့ကြသည်။

ထို့သို့ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ  မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက်  ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိတို့၏ နေအိမ်များတွင် နေထိုင်ရန်၊ အိမ်ပြင်ပသို့ထွက်ပါက ပါးစပ်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်ရန်၊ တစ်အိမ်နှင့် တစ်အိမ်သွားရောက်ပြီး စုဖွဲ့၍စကားပြောခြင်းများ ရှောင်ကြဉ်ရန်၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး (၆)ပေကွာ၍ နေထိုင်ရန်၊ လူစုလူဝေးများရှောင်ရှားရန်၊ ကိုဗစ်-၁၉ရောဂါ  သံသယ ရှိသူများအား  နီးစပ်ရာကျန်းမာရေးဦးစီးဌာနသို့  သွားရောက်ပြီး ဆေးစစ်ချက်ခံယူရန်၊ လက်ကို စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးပါ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား စနစ်တစ်ကျ လိုက်နာပါ စသည့်အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)